Commando 2 (2017) မြန်မာစာတန်းထိုး


Commando ဆိုတဲ့ စကားလုံးကိုမြင်လိုက်တာနဲ့ အထူးစစ်သားတိုက်ခိုက်ရေးသမားတွေကိုမြင်တွေ့ရပြီး ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်မှုကတွေ Tv SCreen ပါတုန်သွားလောက်အောင် ကြမ်းရမ်းတဲ့ အက်ရှင်ခန်းတွေကို မြင်တွေ့ရမယ်လို့ တန်းသိနေမယ်ဆိုတာ ကျွန်တော်တို့ရိပ်မိပါတယ်.။ အခုဇာတ်ကားမှာတော့ Commando တွေအများကြီးမပါပါဘူး လေးယောက်တည်းကပဲ တပ်စုတစ်စုစာလောက်ကို ကြမ်းပြရမ်းပြသွားမယ့် အကြမ်းစားအက်ရှင်ခန်းတွေကိုမြင်တွေ့ရမှာပါ.။ 
ဇာတ်လမ်းက..
အိန္ဒိယနိုင်ငံမှာ အလိုရှိဆုံးလို့ဖမ်းဝရမ်းထုတ်ထားတဲ့ ငွေကြေးခ၀ါချဂိုဏ်းခေါင်းဆောင် ဗစ်ကီ ချန်ဒါကို မလေးရှားနိုင်ငံမှ အာဏာပိုင်တွေမှ သူရဲ့ ဇနီးနဲ့အတူ ဖမ်းဆီးရမိထားပါတယ်.။ ငွေကြေးခ၀ါချဂိုဏ်းရဲ့ ဒုစရိုက်အင်အားဘယ်လောက်တောင်ကြီးမားသလဲဆိုရင် ဗစ်ကီကို ဖမ်းမိပြီဆိုပြီးမှတောင် သတင်းထုတ်ပြန်ကြေငြာနိုင်ခြင်းမရှိပါဘူး .။ ဘာလို့လဲဆိုတော့ အစိုးရအရာရှိပိုင်းတွေအပါ အခြားသော ဒုစရိုက်ဂိုဏ်းပေါင်းများစွာရဲ့ ငွေကြေးခ၀ါချထားတဲ့ မှတ်တမ်းတွေဟာ ဗစ်ကီထံမှာရှိနေလို့ပါ.။ ဗစ်ကီချန်ဒါကို လျှို့ဝှက်ပြီး မလေးရှားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အန္တရာယ်ကင်းကင်းခေါ်ထုတ်သွားနိုင်ဖို့အတွက် အိန္ဒိယအစိုးရမှ ကာရန် ခေါင်းဆောင်တဲ့ အထူးတပ်ဖွဲ့ လေးယောက်ကို မလေးရှားနိုင်ငံကို တိတ်တဆိတ်စေလွှတ်လိုက်ပါတယ်.။ 
ကာရန်တို့ရောက်သွားတဲ့အခါမှာတော့ ဗစ်ကီအဖမ်းခံရတဲ့ သတင်းဟာ ပြန့်နှံ့နေပြီဖြစ်ပြီး မလေးရှားအာဏာပိုင်တွေလက်မှ ဗစ်ကီကို ကယ်ထုတ်လိုတဲ့ ဒုစရိုက်ဂိုဏ်းတွေနဲ့ ကျားရဲတောထဲကို ကာရန်တို့ တပ်ဖွဲ့တိုးမိလျှက်သားဖြစ်နေပါတော့တယ်.။ 
အန္တရာယ်တွေတပြုတ်ကြီးနဲ့ ဗြမ္မာဦးခေါင်းရွက်ရတဲ့တာဝန်ကို ထမ်းဆောင်မိတဲ့ ကာရန်တို့တပ်ဖွဲ့ဟာ ဗစ်ကီကိုလဲ အိန္ဒိယနိုင်ငံရောက်အောင် ကယ်ထုတ်ရင်း အသက်နဲ့ခေါင်းအိုးစားကွဲမသွားအောင် ကျားကုတ်ကျားခဲရုန်းကန်ရပါတော့တယ်...။
ဇာတ်အလှည့်အပြောင်းတွေ အများကြီးနဲ့ အပစ်အခတ်အသတ်အပုတ်သာမက ဥာဏ်ကစားရတဲ့ အကွက်တွေ လှလှပပနဲ့ အက်ရှင်အကြမ်းကားကောင်းကောင်းကို ကြည့်လိုတဲ့ ပရိတ်သတ်အတွက် ကြည့်ကို ကြည့်သင့်တဲ့စာရင်းထဲမှာပါတဲ့ ကားတစ်ကားဖြစ်ပါကြောင်း ပရိတ်သတ်ကြီးအတွက် မေတ္တာရှေ့ထားတင်ဆက်လိုက်ရပါတယ်.။

Review by: အက်မင်
Translate by: Htet Lay & Scarlet Phoenix 
Enocde by: Hein Min Htet 
ှQulity DVD RIp Size :770MB

By Gold Channel Movies



Pageviews